မလေးရှား၀န်ကြီးသည် ရိုင်းစိုင်းသူဟု ဟွန်ဆန်က အင်ဒိုသမ္မတထံ ဖုန်းဆက်ပြောကြား

မလေးရှား၀န်ကြီးသည် ရိုင်းစိုင်းသူဟု ဟွန်ဆန်က အင်ဒိုသမ္မတထံ ဖုန်းဆက်တိုင်ကြား

Posted on

ကမ္ဘောဒီးယားအာဏာရှင် ဟွန်ဆင်ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုနဲ့ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်မှာ မိနစ် ၃၀ ကြာ ဖုန်းပြောမှုအတွင်း က‌မ္ဘောဒီးယားရဲ့ မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ဟာ မောက်မာထောင်လွှားပြီး ရိုင်းစိုင်းတဲ့သူတစ်ဦးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မလေးရှား၀န်ကြီးသည် ရိုင်းစိုင်းသူဟု ဟွန်ဆန်က အင်ဒိုသမ္မတထံ ဖုန်းဆက်ပြောကြား

သူ အခုလိုပြောတာကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးသိအောင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တဆင့်ပြောပေးဖို့လည်း ဟွန်ဆင်က သမ္မတ ဂျိုကိုဝီဒိုကို ထည့်ပြောသွားပါတယ်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်ကို သူ့ပြည်သူတွေကရော ကမ္ဘာကပါ အသိအမှတ်ပြုထားတာကတော့ အင်မတန် မျိူးချစ်စိတ်ပြင်းထန်သူလို့ ဆိုကြပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်မှာ သား ၃ ယောက် သမီး ၃ ယောက်ရှိရာက သမီးတယောက်ဆုံးသွားပါးလို့ အခု သားသမီး ၅ ဦးရှိပါတယ်။

သားအကြီးဆုံးကတော့ မကြာသေးခင်ကပဲ ၀န်ကြီးချုပ်နေရာဆက်ခံဖို့ ဟွန်ဆန်ရွေးချယ်ခဲ့တဲ့Hun Manet ပါ။ သူဟာ အမေရိကန်ကနေ စစ်ပညာရော စီးပွါးရေးပညာရောသင်ယူခဲ့ပြီး ဟွန်ဆန်ရဲ့ ကိုယ်ရံတော်တပ်မှုးအဖြစ်စတင်ခန့်အပ်ခံရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးရှင်းလင်းရင်း ရူပ်ထွေးနေချိန်မှာ သားဖြစ်သူကို ကမ္ဘောဒီးယားရဲ့ ဒုစစ်ဦးစီးချုပ်နဲ့ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ရဲ့ တပ်မှူးခန့်ပါတယ်။

သားဖြစ်သူအား အာဏာ လွှဲပြောင်းပေးရန် ကြိုးစားနေတဲ့ ဟွန်ဆန်

Hun Manet ရဲ့ ဇနီးကတော့ Pich Chanmony ဖြစ်ပါတယ်။ ဇနီးသည် Pich Chanmony ဟာ လက်ရှိ အလုပ်သမား၀န်ကြီး Pich Sophoan ရဲ့ သမီးဖြစ်ပါတယ်။ ကမာကျော် Apple, LG စတဲ့ ကုမဏီကြီး ၈ ခုရဲ့ ထုတ်ကုန်အားလုံးတင်သွင်းရောင်းချခွင့်ရထားသူဖြစ်ပါတယ်။ Hun Manet နဲ့ Pich Chanmony ရဲ့ သားအကြီးဆုံးက အမေရိကန်မှာ နိုင်ငံသားခံယူပြီး ပညာသင်နေထိုင်နေပါတယ်။

ဒုတိယသားဖြစ်တဲ့ Hun Manith ကတော့ ကမ်ဘောဒီးယားထောက်လှမ်းရေးအကြီးအကဲဖြစ်ပါတယ်၊ ကမ္ဘောဒီးယားရဲ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးရဲ့ ညွှန်ချူပ်တာ၀န်လည်းယူထားပါတယ်။ သူ့ဇနီးသည် Hok Chendavy ကတော့ ကွယ်လွန်သွားတဲ့ ဟွန်ဆန်ရဲ့ညာလက်ရုံး ရဲဗိုလ်ချူပ် ရဲ့ သမီးပါ။ ကမ်ဘောဒီးယား အထူးစီးပွါးရေးဇုံအားလုံးရဲ့ ဒါရိုက်တာဖြစ်ပါတယ်။

ဟွန်ဆန်ရဲ့ သားအငယ် Hun Many ကတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ကမ်ဘောဒီးယားလွှတ်တော်ရဲ့ ပြောခွင့်ရပုဂိုလ်ဖြစ်ပါတယ်။ သူ့ဇနီးကတော့ Yim Chhay Lin ဖြစ်ပြီး လယ်ယာမြေခွဲဝေရေး၀န်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကမ်ဘောဒီးယားရဲ့ မိုင်းလုပ်ငန်းနဲ့ ဆေးဝါးတင်သွင်းရောင်းချမှုအားလုံးကို ပိုင်ဆိုင်ထားသူပါ။ လယ်ယာမြေတွေအလကားယူပြီး ဒေါ်လာသန်း ၃၀၀ နီးပါးရှိတဲ့ ဖနွမ်းပင် ဟော်တယ်ဇုံစီမန်ကိန်းဒါရိုက်တာလည်းဖြစ်ပါတယ်။ ကိုဗစ်ဆေးတွေနဲ့ပတ်သက်လို ဒေါ်လာသန်းချီအမြတ်ထွက်ခဲ့သူလို့လည်းဆိုကြပါတယ်။

ကမ္ဘောဒီးယားအာဏာရှင် ဟွန်ဆင် နှင့် ၎င်း၏ ဇနီး

သမီးအကြီးဆုံး Hun Mana ကတော့ ကမ်ဘောဒီးယားလေကြောင်းလိုင်းနဲ့ ကမ္ဘောဒီးယားယဥ်ကျေးမှုပြတိုက်တွေကို စီမန်ခန့်ခွဲရေးတာ၀န်ယူထားပါတယ်။ အ၀တ်အထည်ချုပ်စက်ရုံပေါင်းများစွာနဲ့ ပြည်ပတင်ပို့ရေးကုမဏီ ၂၂ ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းကတော့ ရဲအထူးတပ်ဖွဲ့ရဲ့ ညွှန်ချူပ်ဗိုလ်ချူပ် Dy Vichea ဖြစ်ပါတယ်။

(ဟွန်ဆန်သမီးခင်ပွန်း Dy Vichea နဲ့ ဟွန်ဆန်သား Hun Manith ရဲ့ ဇနီးသည် Hok Chendavy တို့က မောင်နှမအရင်းတွေ ဖြစ်ပါတယ်)

ဟွန်ဆန်ရဲ့ သမီးငယ် Hun Maly ကတော့ ကမ်ဘောဒီးယားမီဒီယာအားလုံးရဲ့ ၈၀ ရာခိုင်နုံးကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ကမ်ဘောဒီးယားပြန်ကြားရေး၀န်ကြီးဌာနရဲ့ ဘုတ်ဒါရိုက်တာအဖွဲ့၀င်လည်းဖြစ်ပါတယ်။ သူ့ခင်ပွန်းကတော့ ကမ္ဘောဒီးယားရဲစုံစမ်းစစ်ဆေးရေးနဲ့ဗဟိုလုံခြုံရေးတာ၀န်ခံ ရဲချူပ် Sok Puthyvuth ဖြစ်ပါတယ်။ ရဲချုပ် Sok Puthyvuth ကလည်း ၂၀၁၇ မှာ ကွယ်လွန်သွားတဲ့ ဟွန်ဆန်ရဲ့ ညာလက်ရုံး ကမ္ဘောဒီးယား ဒု၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ရုံး၀န်ကြီး Sok An ဖြစ်ပါတယ်။

ကမ္ဘောဒီးယားရဲ့ မျိူးချစ်ပုဂ္ဂိုလ်ကြီး ဟွန်ဆန်

ဒါက ဟွန်ဆန်ရဲ့ သားသမီးအရင်းတွေအခြေနေအကျဥ်းချူပ်ပဲရှိပါသေးတယ်။ တ၀မ်းကွဲတွေ တူတွေ တူမတွေ မပါသေးပါဘူး။ နောက်အဆင်ပြေရင် ဟွန်ဆန် ဘယ်လောက်အမျိူးချစ်တယ်ဆိုတာ တင်ပြပေးပါဦးမယ်။

Ref: BNN & Aung Kyaw Sint

Leave a Reply

Your email address will not be published. Required fields are marked *