စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

စစ်ကောင်စီက တော်လှန်ရေးကြီး အောင်မြင်ရန် ကူညီပေးနေ

Posted on

စစ်ကောင်စီသည် ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် နိုင်ငံတော် အာဏာကို အတင်းအကြပ် လုယူကြကာ ပြည်သူတရပ်လုံး အပေါ် စစ်ပွဲကြီး ဆင်နွှဲ လာပြီး နောက်တွင် အကျအဆုံး များလာမှု နှင့် တပ်မှ ထွက်ပြေး တိမ်းရှောင်နေကြသည့် အတွက် လူအင်အား ပြန်လည် ဖြည့်တင်းနိုင်စွမ်း မရှိတော့သည့်အတွက် ကြံရာမရသည့် အဆုံး တပ်တွင်းရှိ ဗိုလ်ကြီး နှင့် ဗိုလ်မှူး အဆင့် ရှိသူများ၏ ဇနီးများကို ပြင်ဦးလွင်၊ တောင်ကြီး နှင့် အောင်ပန်း ရှိ စစ်တပ်ရင်းများ ထဲတွင် လက်နက်ငယ် နှင့် လက်နက်ကြီး ကိုင်တွယ် ပုံများကို နှစ်ပတ် သင်တန်း စတင် တက်ရောက်နေရပြီ ဖြစ်သည်ဟု ဧရာဝတီ က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

အောက်ခြေ စစ်သားများ ၏ ဇနီး များ သည် ထိုသို့သော သင်တန်းမျိုး တက်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ယခု ကဲ့သို့ အလယ်အလတ် အဆင့် အရာရှိများ၏ အိမ်ထောင်သည် အမျိုးသမီးများ တက်ရောက်စေခြင်းသည် ပထမဆုံး ဖြစ်သည်။

စစ်ခေါင်းဆောင်များသည် ၎င်းတို့ သက်ဆိုး ရှည်ရေး အတွက် သာမန် စစ်သည် ပေါင်း များစွာ၏ အသက်ကို ချကြွေးခဲ့ရုံ နှင့် အားမရ‌သေးဘဲ ယခုအခါ စစ်တန်းလျားနေ အိမ်ထောင်သည် မိသားစုများ၏ အသက်များကိုပင် စတေးပြစ်ရန် မိုက်မဲစွာ ကြံစည်လာကြပြီ ဖြစ်သည်။

ထိုသို့ မိမိတို့ သားမယားများ အား သေတွင်းပို့မည့် အရေးကို စစ်တပ်အတွင်း နာကျည်းမှုများ၊ မကျေနပ်မှုများ ထွက်ပေါ်လာတော့မည်က အသေအချာပင် ဖြစ်သည်။ စစ်တပ်သည် ယခုအခါ အရည်အသွေး များ ကျဆင်းလာနေသည်နှင့် အမျှ လက်နက် အင်အား အပေါ်သာ မှီခို နေရသဖြင့် ပြန်လည် ဖြည့်တင်းနိုင်ရန် ငွေအမြောက်အမြား လိုအပ်လာနေသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ

ထိုအရေးကိုထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မည့် တခုတည်းသော နည်းလမ်းသည် စစ်တပ်အနေနှင့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့မှ ရရှိနေသော အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ခန့်ရှိ ဝင်ငွေများကို ပိတ်ဆို့တားဆီး နိုင်ရေး ဖြစ်သည်ကို သိနားလည် ထားကြပြီး ဖြစ်သော ပြည်ပရှိ မြို့ပြ အဖွဲ့အစည်းများ၊ အလုပ်သမား နှင့် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း ပေါင်း ၇၈၉ ဖွဲ့မှ စုပေါင်း လက်မှတ်ရေးထိုးပြီး ပြင်သစ် ရှိ တိုတယ် ရေနံ ကုမ္ပဏီကြီးထံ စာရေးသား ပေးပို့ တောင်းဆိုလာခဲ့ကြသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား အပြင်းအထန် ခုခံကာကွယ်နေရသော စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးနေရာအား နေပြည်တော်စစ်ရုံးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးပထမတန်း (G1) တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်သန်းထိုက်အား အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့က ခန့်အပ်ခဲ့သည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အဓိကတာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်း ပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ် များအား တာဝန်ယူ ဆောင်ရွက်ရပြီး နမခ တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဖြိုးသန့်အား စွမ်းဆောင်ရည် ညံ့ဖျင်းသည်ဟု ဆိုကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးအသစ် ခန့်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီသတင်းမှာ ဖော်ပြထားသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ

ကော့ကရိတ် မြို့နယ် အတွင်းရှိ KNLA တပ်မဟာ (၆) ၏ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများကို စစ်တပ်မှ ရဟတ် ယာဉ်များ ဖြင့် ၎င်း၊ လက်နက်ကြီးများ နှင့် ၎င်း ပစ်ခတ်တိုက်ခိုက်လာသည်ဟု လည်း သိရသည်။

ကယား ပြည်နယ် မြို့တော် လွိုင်ကော်ကိုပင် တိုက်ခိုက်လာရသော စစ်ကောင်စီ ၏ အကြမ်းဖက်မှုများ အပေါ် ကုလ လူ့အခွင့်အရေး ဖြန်ဖြေရေး တာဝန်ခံ တွန် အင်ဒရူးက ပြစ်တင် ရှုတ်ချလိုက်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေး အဖွဲ့ မှ ကြေညာချက် ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး ခိုလှုံသွားသူပေါင်း ၁,၂၀၀ ခန့် ရှိနေပြီး ရာပေါင်းများစွာ သည် လွိုင်ကော် မြို့ ရှိ မိုင်းလုံရပ်ကွက် တွင် ပိတ်မိနေ၍ နိုင်ငံတကာ မှ စစ်အာဏာ သိမ်း အဖွဲ့ကို အလျှင်အမြန် အရေးယူပေးပါရန် တောင်းဆိုခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ထောင်ဒဏ် ၄ နှစ် စီရင်ခဲ့ခြင်းသည် နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး ကို ဖြိုဖျက်ပြီး လူ့အခွင့်အရေးများ ရှေ့လျောက် ပြောင်ပြောင်တင်းတင်း ချိုးဖောက်တော့ မည့် ခြေလှမ်းတရပ် ပင် ဖြစ်သည်ဟု အီးယူ ၏ နိုင်ငံခြားရေး နှင့် လုံခြုံရေး ဆိုင်ရာ ပြောခွင့်ရ နာဘီလာ မတ်စ် ရာလီ က ကြေညာချက် ထုတ်ပြန် ရှုတ်ချလိုက်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

သို့သော် ကမ္ဘောဒီယား နှင့် မြန်မာ မှ ဆန်များ အပေါ် သွင်းကုန် စည်းကြပ်မှု ကို ဖယ်ရှားပေးမည်ဟု အီးယူ၏ ကုန်သွယ်ရေး ကော်မရှင် အကြီးအကဲက အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန် ကုမ္ပဏီများသည် မြန်မာ မှ ကျွန်းသစ်များ ကို ဆက်လက်ဝယ်ယူနေဆဲ ဖြစ်ကြောင်း ကမ္ဘာကုန်သွယ် ရေး အချက်အလက်များ စုဆောင်းထားသည့် စာရင်းများ က ထုတ်ဖေါ်လိုက်သည်။ ၂၀၂၁ ဧပြီလမှစ၍ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် မြန်မာ သစ်လုပ်ငန်း အား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့သော်လည်း ဖေဖေါ်ဝါရီ မှ နိုဝင်ဘာ အတွင်း အကြိမ်ပေါင်း ၈၂ ကြိမ် မှာယူတင်သွင်းခဲ့သည်ဟု စာရင်းများက ဆိုသည်။

ပြင်သစ် နှင့် နော်ဝေး အစိုးရများ မှလည်း နိုင်ငံတော် အတိုင်ပင်ခံ အပေါ် ထောင်ဒဏ်စီရင်ခဲ့မှုကို ပြစ်တင် ရှုတ်ချ လိုက်ပြန်သည်။

လက်ရှိတွင် ပြည်ပမှ မည်သို့မျှ ဝင်ရောက် အကူအညီ ပေးနိုင်ခြင်း မရှိသေး၍ အားလုံးက အာဆီယံ မူ ငါးချက် ကို ထောက်ခံသည် ဆိုသော စကား အား politically correct language အဖြစ် ပြောဆိုနေဆဲ ဖြစ်သော်လည်း ဟွန်ဆန်က ပြောင်ပြောင်တင်းတင်းပင် ထို မူငါးချက်သည် မင်းအောင်လှိုင် လက်ခံနိုင်မည့် မူငါးချက် အဖြစ် ပြောင်းလဲ ပြစ်နိုင်ရန် ကြိုးပမ်းလာနေပြီ ဖြစ်သည်။

ဗိုလ်ကြီး ကောင်းသူဝင်းနှင့်မိသား စု CDF ထံတွင် လက်နက်၊ကျည် အပြည့်အစုံဖြင့် CDM လုပ်ပြီး အလင်းဝင်

စစ်တပ်မှ အာဏာသိမ်းပြီး နောက် မြန်မာ ပြည်သူများ အဖို့ အကြပ်အတည်းကြီး သုံးခု နှင့် တပြိုင်တည်း ရင်ဆိုင်လာခဲ့ရသည်။ ဤသည်မှာ တည်ငြိမ်သော နိုင်ငံရေး စနစ် ပြိုလဲသွားခြင်း၊ ပညာ‌ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပျက်ပြားလာခြင်း နှင့် စီးပွားရေး ကျဆင်းလာခြင်း တို့ ဖြစ်သည်ဟု မဇ္ဇျိမ သတင်းတွင် ဖေါ် ပြထားသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *