ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss

ပူတင်နဲ့ရှီကို အာဏာသိမ်းမှုတွေ အားမပေးဖို့ ဗြိတိန် သတိပေးပြီ

Posted on

ရုရှားခေါင်းဆောင် ပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီ တို့ကို အာဏာရှင် နှိမ်နင်းတဲ့နေရာမှာ ဝင်မပါဖို့ ဗြိတိန်က တရားဝင် သတိပေးလိုက်ပါတယ် ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss

အထူးသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ဖျက်စီးနေတဲ့ မြန်မာ ၊ မြောက်ကိုရီးယားနဲ့ ဘယ်လာရုစ် က အာဏာရှင်တွေကို ကျားကန်မပေးဖို့ သတိပေးထားတာပါ ။

”မြန်မာ မြောက်ကိုရီးယား နဲ့ ဘယ်လာရုစ်ကအာဏာရှင်တွေအတွက် သူတို့ရဲ့ အားကိုးစရာ မဟာမိတ်တွေဟာ တရုတ် နဲ့ ရုရှားဖြစ်နေတာ အံ့အားသင့်စရာမရှိပါဘူး” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ကပြောဆိုလိုက်ပါတယ်။

ဗြိတိန်က ပူတင်နဲ့ရှီကို အာဏာရှင်တွေကို ထောက်ခံအားပေးမှု့မလုပ်ပဲ ဒီမိုကရေစီရှင်သန်ရေးမှာ ပါဝင်လှုပ်ရှားဖို့ကိုလည်း တိုက်တွန်းထားပါတယ် ။ ဒီနေ့ အချိန်မရလို့ သတင်းကို လိုရင်းပဲ ကောက်နုတ်တင်ပြလိုက်ပါတယ် ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss

သုံးသပ်ရရင် ….မြန်မာ့အရေးဟာ ပြည်သူတွေဘက်က သိပ်ကိုအားရစရာကောင်းပါတယ် ။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေတဲ့ ကိုဂျင်မီနဲ့ ဇေယျာသော်ကို သေဒဏ်ပေးတယ်ဆိုတာက စစ်လက်နက်ကိုင်တွေကို နိုင်ငံတကာရဲ့ ဖိအားတွေ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစမ်းဖမ်းပြီး ဆက်ထိန်းထားဖို့ လုပ်လိုက်တာပါ ။

တကယ်တော့ စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ NUG ရဲ့ တစ်ကွက်စီပိတ်လာတဲ့ ကစားကွက်ထဲကို လုံးဝ ကျရောက်သွားပါပြီ ။ ဖေဖော်ဝါရီမှာ နိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာရုံးချိန်းရှိပါတယ် ။

စစ်ကောင်စီအတွက်တော့ ရိုဟင်ဂျာရုံးချိန်းဟာ သွားရင်လည်းအခက် ၊ မသွားရင်လည်းအခက် ဆိုသလို အခြေအနေပါ ။

ဘာ့ကြောင့်လဲဆိုတော့ ရိုဟင်ဂျာပြဿနာကို စစ်တပ်က ကျုးလွန်ခဲ့တာပါ ။ NLD မဟုတ်ပါဘူး ။ ဒီတော့ သွားခဲ့ရင်လည်း တရားခံကိုယ်တိုင် သွားသလိုဖြစ်ပါမယ် ။

စစ်ခေါင်းဆောင်များ

မသွားခဲ့ရင်လည်း လက်အောက်ခံ စစ်လက်နက်ကိုင်တွေနဲ့ တပ်တွင်းမသားစုတွေက စစ်ကောင်စီရဲ့ အခြေအနေကို သိပါလိမ့်မယ် ။

စစ်တပ်အားပေးသူတွေ အမြဲတမ်းပြောတတ်တာက” တရုတ်နဲ့ရုရှားရှိတယ် ၊ ထည့်မတွက်ဘူး ” ဆိုတဲ့စကားပါ ။ သို့ပေမယ့် ကမ္ဘာ့အရေးမှာ ရုရှားက စစ်ပြင်နေရပါတယ် ။

တရုတ်က ထောက်ခံသူတွေ လျော့နည်းလာပြီး ငယ်မွေးခြံပေါက် အာဆီယံနိုင်ငံအချို့ကတောင် ခပ်တင်းတင်း ရင်ဆိုင်လာပါတယ် ။ အမေရိကန်ရဲ့ ထီမထင်မှု့ကို လက်တုံ့ပြန်မိတာနဲ့ စစ်မီးတောက်နိုင်ပါတယ် ။

စစ်ဘီလူးကြီး ဂျာမနီကလည်း မဟာမိတ်အုပ်စုနဲ့ ပူးပေါင်းပြီး ဇန်နဝါရီလဆန်းက မလက္ကာရေလက်ကြားကို ရောက်ခဲ့ပါတယ်။

ရုရှားခေါင်းဆောင် ပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီ

ရုရှားကို နေတိုးက စစ်ပြင်ထားတဲ့အချိန်မှာ ဗြိတိန်က ခပ်တည်တည်နဲ့ ” အာဏာသိမ်းမှု့တွေကို ထောက်ခံ ကူညီ အားပေးတာတွေ မလုပ်ဖို့ ပူတင်နဲ့ ရှီ ကို တရားဝင် သတိပေးလိုက်တယ်ဆိုတော့ ( စာရေးသူရဲ့ ပုဂ္ဂလ ထင်မြင်ချက်အရဆိုရင် ) ကမ္ဘာကြီးက ဘာတွေ စီစဉ်နေသလဲ …. ? လို့ တွေးစရာဖြစ်လာပါတယ် ။

စာရေးသူက ပြည်ပမှာနေတဲ့အတွက် နိုင်ငံတကာရဲ့အကူအညီကို နိုင်ငံတကာသတင်းတွေ စောင့်ကြည့်ပြီး အသိပေးတာပါ ။ ပြည်တွင်းတော်လှန်အားကိုတော့ မိတ်ဆွေတို့က စာရေးသူထက် ပိုသိမှာပါ ။

အာဏာရှင်ဟာ ကြောက်မလားလို့ ဖြဲပြလေလေ ပြည်တွင်းနဲ့ ပြည်ပတော်လှန်အားက အရှိန်ကောင်းလေလေပါဘဲ ။

ဘကြီးအောင် LA

Leave a Reply

Your email address will not be published. Required fields are marked *