Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှု

အမေရိကန်စစ်သည် ၁၀,၀၀၀ စံချိန်တင်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ထိုင်းတွင် လုပ်မည်

Posted on

ထိုင်းနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လ အမေရိကန်စစ်သား ၁၀,၀၀၀ လောက်ပါဝင်မယ့် Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းအခြေစိုက် သနေးရှင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှု

အမေရိကန်စစ်တပ်ဟာ အရင်နှစ်တွေကလည်း အဆိုပါ ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာလုပ်နေကြဖြစ်ပေမဲ့ စစ်အင်အား ရာဂဏန်း ထောင်ဂဏန်းလောက်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ စစ်သားဦးရေ ၁၀၀၀၀ အပြင် ဝန်းရံအားပေးသူတွေက အနည်းဆုံး ၅၀၀၀ လောက်ပါ လာမှာမို့ ထူးခြားမှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှဒေသနိုင်ငံက စစ်သည်တွေလည်း ပါဝင်လေ့ကျင့်ကြမှာမို့ စုစုပေါင်း လူ ၃၀,၀၀၀ လောက် ပါဝင်မယ့် စစ်ရေးလေ့ကျင့်မှုကြီးဖြစ်လာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတွေ၊ အမေရိကန်စစ်တပ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေရော၊ စီအိုင်အေအဖွဲ့က ထင်ရှားတဲ့ အရာရှိတွေပါ ထိုင်းနိုင်ငံကို ကုန်သွယ်ရေးကိစ္စ၊ ထိုင်းအိမ်နီးချင်းနိုင်ငံက စစ်ဘေး ရှောင်ကူညီရေးကိစ္စ၊ အာရှပစိဖိတ်တိုးတက်ရေး၊ လူ့အခွင့်အရေးကိစ္စ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လာရောက်ခဲ့ပေမဲ့ နောက်ကွယ်ကနက်ရှိုင်းတဲ့ ရည်ရွယ်ချက်ကိုတော့ ထိုင်းစစ်တပ်နဲ့ အမျိုးသားလုံခြုံရေး ကောင်စီကသာ အသိဆုံးဖြစ်လိမ့်မယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။

Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှု

လက်ရှိအိမ်နီးချင်းမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေဖြစ်နေပြီး မြန်မာ စစ်တပ်က ပွင့်လင်းတဲ့ရာသီမှာ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်လေ့ရှိတာကြောင့် အဲဒီကာ လနဲ့လည်း တိုက်ဆိုင်နေကြောင်း၊ နယ်စပ်မှာလည်း စစ်ဘေးရှောင်တွေ အမြောက်အမြား ရောက်နေတာမို့ အဲဒီကာလမှာ ချင်းမိုင်နဲ့တကွ ထိုင်းမြောက်ပိုင်းဒေသ လာရောက်လည်ပတ်လေ့ လာမယ့် နိုင်ငံခြားခရီးသွားအခြေအနေတွေလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

အမေရိကန်က ခုလိုစစ်သည်အင်အားအမြောက်အမြားနဲ့ တရုတ်ဩဇာလွှမ်းမိုးတဲ့ မြန်မာ၊ လာအို စတဲ့နိုင်ငံတွေအနီးမှာ လာပြီးစစ်ရေးလေ့ကျင့်တာဟာလည်း ထူးခြားမှုလို့ ဆိုရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံ ၂ ခုကြားမှာ ဘယ်လိုပါးနပ်စွာ နေမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်လို့ သနေရှင်းသတင်းမှာ သုံးသပ်ထားပါတယ်။

Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှု

ထိုင်းလူမှုကွန်ရက်တွေမှာတော့ တရုတ်ဩဇာလွှမ်းမိုးတဲ့ UWSA ‘ဝ’ တပ်ဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နဲ့မျက်နှာချင်းဆိုင် မိုင်းဆတ်ခရိုင်ထဲမှာ ရာနဲ့ချီတဲ့စစ်သည်တွေ လက်နက်ခဲယမ်းတွေထုတ်ပြီး စစ်ရေးပြတာဟာ ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်နိုင်တယ်လို့ ပြောဆိုနေကြကြောင်း ထိုင်းပီဘီအက်စ်သတင်းက ဖော်ပြပါတယ်။

ဒါပေမဲ့ လက်ရှိထိုင်းနိုင်ငံမှာ အိုမီခရွန်ကိုဗစ်-၁၉ ဗီဇမျိုး ကွဲရောဂါပိုးကူးစက်မှုလည်း ဖြစ်လာတာကြောင့် သောင်းနဲ့ချီပြီးဝင်လာမယ့် နိုင်ငံရပ်ခြားကစစ်သည်တွေကို ဘယ်လို စစ်ဆေးကာကွယ်နိုင်မလဲ၊ လေ့ကျင့်မှုပုံစံတွေပြောင်းသွားမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

Ref: DVB

Leave a Reply

Your email address will not be published. Required fields are marked *