စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း

ဓာတ်ငွေ့တူးဖော်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ဆက်လုပ်မည်လို့ စစ်ကောင်စီပြော

Posted on

အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ ဓာတ်ငွေ့အထွက်နည်းလာတာကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားပေမယ်လို့ ဆက်လက်လည်ပတ်နိုင်အောင် မိတ်ဖက်နိုင်ငံတွေနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက နည်းပညာနဲ့ အကူအညီတွေ ရယူသွားမယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း

Chevron နဲ့ Total ကုမ္ပဏီ မြန်မာနိုင်ငံထဲက ထွက်ခွာသွားတာဟာ နိုင်ငံရေးစနက်အရ ဖိအားပေးမှုတွေ ပါနိုင်ပေမယ့် အဓိကတော့ ဓါတ်ငွေ့တွေ အထွက်နည်းလာချိန်မှာ စီးပွားရေးအရ ဆုံးဖြတ်သွားတာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း VOA သတင်းမှာ ဖော်ပြထားပါတယ်။

တိုတယ် နှင့် ချေဗရွန် ရေနံကုမ္ပဏီကြီးများ နိုင်ငံတွင်းမှ ထွက်ခွာသွားမှုသည် ၎င်းတို့ကိုကဲ့သို့ ပတ်စာခွာ ဖျာသိမ်းသွားကြသည့် ကုမ္ပဏီများစာရင်းတွင် နောက်တိုး အဖြစ် ပါဝင်လာခဲ့ခြင်းသာ ဖြစ်သည်။

လုပ်ငန်းခွင်ကတော့ ထိခိုက်စရာမရှိဘူး၊ သို့သော် အဲဒီလိုထွက်သွားတဲ့အတွက် အပြောင်းအလဲတွေတော့လုပ်ရမှာပေါ့၊ ကျနော်တို့အနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ … ဒါကတော့ ကျနော်တို့လည်ပတ်လို့ရပါတယ်။ ကျနော်တို့ချည်းပဲလည်ပတ်လို့လည်း ရကောင်းရနိုင်တယ်၊ လည်ပတ်လို့မရဘူး.. နည်းပညာအကူအညီလိုတယ်ဆိုရင်လည်း ကူညီနိုင်မယ့် မိတ်ဖက်နိုင်ငံများနဲ့ အဖွဲ့အစည်းများရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ

စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားကျဆင်းလာနေတာကြောင့် မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဇန်နဝါရီ(၂၁) သောကြာနေ့က အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

TOTAL နဲ့ Chevron ကုမ္ပဏီတွေ မြန်မာနိုင်ငံကလုပ်ငန်း ပြန်ရုပ်သိမ်းသွားပေမယ့် ထိုင်းနိုင်ငံက PTTEP ၊ တောင်ကိုရီးယား POSCO ၊ အိန္ဒိယ ONGC ၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအသီးသီး မြန်မာ့ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍမှာ ဆက်ရှိနေသေးတာပါ။

စီးပွားရေးပညာရှင်တွေကတော့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြေညာလိုက်တာကြောင့် နောက်ဆက်တွဲ မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ကြီးမားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

တိုတယ်ကုမ္ပဏီ

နော်ဝေး ၏ တယ်လီနောလည်း ပိုင်ဆိုင်သမျှ ကို ရောင်းချကာ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ အာဏာမသိမ်းမီက လူပေါင်း တသိန်း ခန့်ကို အလုပ်ပေးထားနိုင်ခဲ့သည့် British American Tobacco (BAT) သည်လည်း အောက်တိုဘာလကပင် လုပ်ငန်းများ ရုပ်သိမ်းသွားခဲ့သည်။

ပြင်သစ်၏ အားဖြည့်စွမ်းအင် ကုမ္ပဏီ Voltalia လည်း မရှိတော့။ နောက်ထပ် အိမ်နီးချင်း နိုင်ငံများ နှင့် ရင်ဘောင်တန်းနိုင်ရေး အတွက် အဓိက မောင်းနှင်အား ဖြစ်လာမည့် တိုယိုတာ ကား ထုတ်လုပ် တင်ပို့မည့် စက်ရုံ ဖွင့်လှစ်ကာနီး အချိန်တွင် ရပ်ဆိုင်းသွားခဲ့ရခြင်းသည် တိုင်းပြည်အတွက် လွန်စွာ နစ်နာဖွယ် ကောင်းလှပေသည်။

ပြင်သစ် စွမ်းအင် ကုမ္ပဏီ ကြီး ဖြစ်သည့် EDF သည်လည်း ဒေါ်လာ ၁.၅ ဘီလီယံ ရေအားလျပ်စစ် ထုတ်လုပ်မည့် ဆည်တည်ဆောက်ရေး မှ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

တိုတယ်ကုမ္ပဏီ ရှေ့တွင် ဆန္ဒပြနေသော မြင်ကွင်း

နာမည်ကြီး အမှတ်တံဆိပ်များ ပိုင်ဆိုင်ထားသော နိုင်ငံတကာရှိ အဝတ်အစား ကုမ္ပဏီ ကြီးများမှ အော်ဒါများ လည်း မရရှိတော့ပြန်ပေဒိန်းမတ်ပိုင် ကားလ်ဘတ်ခ် ဘီယာ လုပ်ငန်းသည်လည်း သောက်သုံးမှု နည်းပါးလာ၍ ထုတ်လုပ်မှု လျော့ချသွားတော့မည်ဟု ဆိုသည်။

မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ လက်တွေ့ထိရောက်မှု ရှိဖို့ဆိုရင် ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့ဒဏ်ခတ်မှုတွေ တညီတညွတ်တည်း ချမှတ်ဖို့ လိုတယ်လို့လည်း အကဲခတ်တချို့က ထောက်ပြပြီး သတိထားကြိုဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *