စစ်အုပ်စု

မုံရွာမြို့မှာ ပေါက်ကွဲသံထွက်ပေါ်ပြီးနောက် လမ်းဖွင့်ပွဲအခမ်းအနားပျက်

Posted on

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လမ်းဖွင့်ပွဲ အခမ်းအနားလုပ်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲသံတွေ ထွက်ပေါ်ပြီးနောက် စစ်အုပ်စုက လမ်းဖွင့်ပွဲ ဖျက်သိမ်းပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု

ဒီကနေ့ ဇန်နဝါရီလ ၁၄ရက်နေ့ မနက် ၈နာရီခန့်မှာ အောင်သပြေလမ်းနဲ့ ပေ ၈၀လမ်းတွေကို ဖွင့်ပွဲလုပ်ဖို့ အခမ်းအနားပြင်ဆင်ထားပြီး စစ်အုပ်စုက မြို့နယ်အဆင့်တာဝန်ရှိသူတွေ မိန့်ခွန်းပြောဖို့ ပြင်ဆင်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ထွက်ပြေးသွားကြတာပဲဖြစ်ပါတယ်။

ဖွင့်လှစ်မယ့်လမ်းဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ အသစ်ဖောက်လုပ်တဲ့ လမ်းမဟုတ်ဘဲ အရင်ဖောက်လုပ်ပြီးသားလမ်းကို ပြန်ဖွင့်ပွဲလုပ်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

မုံရွာမြို့

ဒီလမ်းကကြာလှပြီ၊ ဘာစိတ်ကူးပေါက်ပြီးအခုမှထဖွင့်တာလဲမသိဘူး။ ပေ ၈၀လမ်းနဲ့အောင်သပြေလမ်း အဲ့နှစ်လမ်းကို ဖွင့်ပွဲလုပ်တာ၊ မိုးရာသီတုန်းက ပျက်နေတာကိုပြန်ဖာထေးပြီး သူတို့လုပ်တဲ့ပုံစံနဲ့ထဖွင့်တာ။ ဘာပေါက်တာလဲတော့မသိဘူး အသံကြားတော့ စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေးတာ မိန့်ခွန်းလည်းမပြောရဘူး၊ ဖဲကြိုးလည်းမဖျက်လိုက်ရဘူး “ လို့မုံရွာဒေသခံတစ်ဦးကပြောဆိုကြောင်း ဘီဘီစီမှာ ဖော်ပြထားပါတယ်။

ဒီလမ်းတွေဖွင့်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မုံရွာမြို့တွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကပြုလုပ်နေတာဖြစ်ပြီး မုံရွာမြို့အတွင်းက စစ်ကောင်စီတပ်အရာရှိတွေ တက်ရောက်မယ်လို့လည်းသတင်းတွေထွက်ပေါ်ထားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။

ဓါတ်ပုံ-Chindwin Yoma Media

လမ်းဖွင့်ပွဲလုပ်ပြီး မိန့်ခွန်းပြောဖို့ လုပ်နေချိန် အဲ့နားလောက်ကပဲ ပေါက်ကွဲသံကြားရတာ ဘယ်ကထပေါက်တာလဲတော့ မသိဘူး၊ အကုန်လုံး ကားပေါ်တက်ပြီး ထွက်ပြေးသွားကြတယ် စစ်သားတွေလဲ ပြေးတာပဲ ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုအခြေအနေနဲ့ အသေးစိတ်အချက်တွေကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *